2. အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မြော်လင့်ကြပါ၏။ နံနက်တိုင်း အကျွန်ုပ်တို့၌ ခွန်အားကို ပေးတော်မူပါ။ အမှုရောက်သောအခါ၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။
3. အလုံးအရင်း၏ အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ်ရပ် ကွဲပြားကြ၏။
4. သူတပါးတို့သည် သင်တို့၏ ဥစ္စာကို ကျိုင်းကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်းကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ်မှာ လူးလာပြေးကြလိမ့်မည်။
5. ထာဝရဘုရားသည် ချီးမြှောက်ခြင်းရှိတော်မူ၏။ မြင့်သောအရပ်၌ နေတော်မူ၏။ ဇိအုန်မြို့ကို တရားသဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေတော်မူ၏။
6. ဥာဏ်နှင့် ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွှံ့ခြင်း သဘောသည်လည်း သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။