ဟေ​ရှာ​ယ 33:10-17 Judson Bible (BJB)

10. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထမည်။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက်မည်။

11. သင်တို့သည်ဖွဲကို ကိုယ်ဝန်ဆောင်၊ အမှိုက်ကို ဘွားမြင်ရလိမ့်မည်။ သင်ကို စိတ်သဘောသည် မီးဖြစ်၍၊ သင်တို့ကို ဖျက်ဆီးလိမ့်မည်။

12. လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့၎င်း၊ ဆူးပင်များကို ခုတ်၍ မီးရှို့သကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။

13. ဝေးသောသူတို့၊ ငါပြုသောအမှုကို မှတ်ကြလော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။

14. အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက်ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည်နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်းကို ခံလျက်နေရမည်နည်း။

15. တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာ ပြောထသော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသောငွေကို ရွံ၍၊ တံစိုးကို လည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်းအမှုကို နားမခံ၊ အဓမ္မ အမှုများကို မကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေလိမ့်မည်။

16. ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။

17. သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်း အသရေတော်ကို ကိုယ်မျက်စိနှင့် မြင်ရ၍၊ ဝေးလှသောပြည်ကို လည်း ကြည့်မြင်ရလိမ့်မည်။

ဟေ​ရှာ​ယ 33