5. သို့ရာတွင်၊သင်၏ ရန်သူအလုံးအရင်းသည် အဏုမြူကဲ့သို့၎င်း၊ ကြောက်မက်ဘွယ်သောသူ အလုံးအရင်း သည် လွင့်သွားသော ဖွဲကဲ့သို့၎င်းဖြစ်၍၊ အလျင်တဆော ချက်ခြင်း အမှုရောက်လိမ့်မည်။
6. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အသံဗလံမြည်ခြင်းနှင့်တကွ မိုဃ်းသက်မုန်တိုင်း၊ လောင်တတ်သော မီးလျှံအားဖြင့် အပြစ်ပေးတော်မူမည်။
7. အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက်သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသော သူအပေါင်းတို့သည် အိပ်မက်တည်းဟူသော ညဉ့်ရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။
8. မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည် ဟုထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ်မပြေသ ကဲ့သို့၎င်း၊ ရေငတ်သူသည် အိပ်မက်တွင် သောက်ရသည် ဟုထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့် တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည်ကလာ၍၊ ဇိအုန်တောင်ကိုစစ်တိုက်သော အလုံးအရင်းသည်ဖြစ်ရလိမ့်မည်။