ဟေ​ရှာ​ယ 26:1-10 Judson Bible (BJB)

1. ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သောစကားဟူမူကား၊ ငါတို့၌ ခိုင်ခံ့သောမြို့ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထားတော်မူလိမ့်မည်။

2. တံခါးတို့ကို ဖွင့်ကြလော့။

3. သစ္စာစောင့်၍ ဖြောင့်မတ်သော လူမျိုးဝင်ပါစေ။ စိတ်နှလုံးတည်ကြည်သောသူ သည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။

4. ထာဝရဘုရား၌ အစဉ်အမြဲ ခိုလှုံကြလော့။ ထာဝရဘုရားသည် နိစ္စထာဝရ ခိုလှုံရာဖြစ်တော်မူ၏။

5. မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော်မူ၏။ မြင့်မြတ်သောမြို့ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်ချလျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။

6. ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည်။

7. ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း၌ သွားတတ်၏။ အိုဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင်တော်မူ၏။

8. အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော်လမ်း၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော်၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ ၏။

9. ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ်တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ်မှာ အမှုကို စစ်ကြောစီရင်တော်မူသောအခါ၊ လောကီသားတို့သည် တရားကိုသင်ကြ၏။

10. မတရားသောသူသည် ကျေးဇူးကိုခံရသော်လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍၊ ထာဝရဘုရား၏ ဘုန်းတော်ကို ပမာဏမပြုတတ်ပါ။

ဟေ​ရှာ​ယ 26