10. အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။
11. ရေကူးသောသူသည် ရေကူးခြင်းငှါ လက်ကို ဆန့်သကဲ့သို့၊ မောဘပြည်အလယ်၌ လက်တော်ကို ဆန့်၍၊ မောဘ၏မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည်။
12. သင်တို့၏ မြို့ရိုးပြအိုး အထွဋ်ကို ဖြို၍၊ မြေတိုင်အောင် နှိမ့်သဖြင့်၊မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။