ဟေ​ရှာ​ယ 24:7-10 Judson Bible (BJB)

7. သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ် နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်း သောသူအပေါင်းတို့သည် ညည်းတွားကြ၏။

8. သာယာသောပတ်သာ အသံငြိမ်းပြီ။ ဝမ်းမြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံလည်း ငြိမ်းပြီ။

9. သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပစပ်ခါးကြလိမ့်မည်။

10. လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ။ အဘယ်သူမျှ မဝင်စေခြင်းငှါ၊ အိမ်များကို ပိတ်ထားကြပြီ။

ဟေ​ရှာ​ယ 24