ဟေ​ရှာ​ယ 21:7-12 Judson Bible (BJB)

7. ကင်းစောင့်သည်လည်း၊ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းတပ်တတပ်၊ မြည်းတပ်တတပ်၊ ကုလားအုပ် တပ်တတပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင်ပြီးလျှင်၊

8. သခင်၊ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်မှာ အစဉ်ရပ်၍၊ တညဉ့်လုံး၌လည်း ကင်းစောင့်လျက် နေပါ၏။

9. ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူ ရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူ ကလည်း၊ ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တု ဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြ ပါသည်ဟု ထပ်၍ဆိုလေ၏။

10. ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၊ ဣသရေလ အမျိုး၏ ဘုရားသခင်မိန့်တော်မူသည်ကို ငါကြားရသည်အတိုင်း၊ သင်တို့အား ငါဆင့်ဆိုသတည်း။

11. ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်း။ အို ကင်းစောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်းဟု စိရတောင်ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။

12. ကင်းစောင့်ကလည်း၊ နံနက်သည်လာ၏။ ညဉ့်လည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်းကြ။ ပြန်သွားကြ။ တဖန် လာကြဟု ဆိုလေ၏။

ဟေ​ရှာ​ယ 21