9. ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
10. ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ပုန်း၍နေလော့။
11. ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရမည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်းသာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။
12. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက်ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။
13. ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း၊
14. မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊