ဟေ​ရှာ​ယ 19:23-25 Judson Bible (BJB)

23. ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည် တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့၎င်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့၎င်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည်။

24. ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအမျိုးနှင့်၎င်း၊ အာရှုရိအမျိုးနှင့်၎င်း ပေါင်း၍၊ တတိယအမျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသော အမျိုးဖြစ်လိမ့်မည်။

25. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကလည်း၊ ငါ၏ လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိ အမျိုး၊ငါ၏ အမွေဥစ္စာဖြစ်သော ဣသရေလအမျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးပေးတော်မူလိမ့်မည်။

ဟေ​ရှာ​ယ 19