5. စပျစ်သီးကို သိမ်းယူရာ ကာလမတိုင်မှီ အငုံ့စေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ၊ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊အခက်အလက်များကို သုတ်သင်ပယ်ရှင်းတော်မူမည်။
6. သူတို့သည် တောင်ပေါ်မှာ နေတတ်သော ငှက်များ၊ တောသားရဲများတို့၏ အဘို့ဖြစ်၍၊ ငှက်တို့သည် နွေကာလ၌၎င်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ၌၎င်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။
7. ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဘွယ်ဖြစ်ထသော၊ ခွန် အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်များ ကွဲပြားသော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဘို့ လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြလိမ့်သတည်း။