6. သို့ရာတွင်၊သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသော အခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူ၏။
7. ထိုကာလ၌ လူသည်မိမိကို ဖန်ဆင်းတော်မူသော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည်။
8. မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအရာတည်းဟူသော အာရှရပင်တို့ကို၎င်း၊ ရုပ်ထုတို့ကို၎င်း ပမာဏမပြုရ။
9. ထိုကာလ၌ သူ၏ခိုင်ခံ့သောမြို့တို့သည် ဣသရေလ အမျိုးသား ရှေ့မှာစွန့်ပစ်သော သစ်တောအကျန် အကြွင်းနှင့်သစ်ပင်အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက်ရှိရလိမ့်မည်။
10. သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည် မေ့လျော့၍၊ မိမိခိုလှုံရာ ကျောက်ကို မိမိမအောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင်တို့နှင့်၊ တကျွန်းတနိုင်ငံအညွန့်တို့ကို စိုက်ပျိုး၍၊