ဟေ​ရှာ​ယ 17:1-5 Judson Bible (BJB)

1. ဒမာသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက်စီးရာပုံဖြစ်ရ၏။

2. အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲ အိပ်ကြလိမ့်မည်။

3. ဧဖရိမ်ပြည်၌မြို့မရှိရ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းအသရေကဲ့သို့ဖြစ်ရ ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

4. ထိုကာလ၌ ယာကုပ် အမျိုး၏ ဘုန်းသည် လျော့၍၊ ဆူဝခြင်းလည်း ပိန့်ကြုံခြင်းဖြစ်ရလိမ့်မည်။

5. လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများ ကိုလက်နှင့် ရိတ်သကဲ့သို့၎င်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံ တို့ကိုသိမ်းရိတ်သကဲ့သို့၎င်း၊ ထိုအမှုဖြစ်ရလိမ့်မည်။

ဟေ​ရှာ​ယ 17