ဟေ​ရှာ​ယ 14:30-32 Judson Bible (BJB)

30. အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေးလွတ်လျက် အိပ်ရကြလိမ့်မည်။ ငါသည်သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍၊ သင်၏ အကြွင်းကိုလည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည်။

31. အိုတံခါး၊ ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည်တမ်းလော့။ အိုဖိလိတ္တိပြည်လုံး၊ သင်သည်မှိုင်တွေလျက်ရှိ၏။ မြောက်မျက်နှာမှ မီးခိုးထွက်လာ၏။ ထိုအလုံးအရင်း၌ တယောက်တခြားစီနေသောသူမရှိ။

32. တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူသည်ဖြစ်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့သည် ထိုမြို့၌ ကိုးစားကြ၏။

ဟေ​ရှာ​ယ 14