ဟေ​ရှာ​ယ 14:24-32 Judson Bible (BJB)

24. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍ မိန့်တော်မူသည်ကား၊

25. ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏ တောင်ရိုးပေါ်မှာ ခြေဖြင့် ကျော်နင်းမည်ဟု ငါကြံစည်သည် အတိုင်းဖြစ်၍၊ ငါစီရင်ချက်လည်း တည်ရလိမ့်မည်။ ထိုအခါ သူ၏ ထမ်းဘိုးကို သူတပါး အပေါ်က ရွှေ့၍၊ သူတို့ပခုံးပေါ်မှာ တင်သောဝန်ကိုချရသော အခွင့်ရှိလိမ့်မည်။

26. မြေတပြင်လုံးတွင် ထိုသို့ကြံစည်တော်မူ၏။ ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထိုသို့လက်တော်ကို ဆန့်လျက်ရှိ၏။

27. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အကြံတော်ကို အဘယ်သူဖျက်လိမ့်မည်နည်း။ ဆန့်တော်မူသောလက်တော်ကို အဘယ်သူလှန်လိမ့်မည်နည်း။

28. အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ခံရသော ဗျာဒိတ်တော်ဟူမူကား၊

29. အိုဖိလိတ္တိပြည်လုံး၊ သင့်ကိုရိုက်သောကြိမ်လုံးကျိုးသည်ကိုထောက်၍၊ ဝမ်းမမြောက်နှင့်။ ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည်။ သူ၏အနွယ်သည်လည်း ပျံတတ်သော မီးမြွေဖြစ်လိမ့်မည်။

30. အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေးလွတ်လျက် အိပ်ရကြလိမ့်မည်။ ငါသည်သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍၊ သင်၏ အကြွင်းကိုလည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည်။

31. အိုတံခါး၊ ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည်တမ်းလော့။ အိုဖိလိတ္တိပြည်လုံး၊ သင်သည်မှိုင်တွေလျက်ရှိ၏။ မြောက်မျက်နှာမှ မီးခိုးထွက်လာ၏။ ထိုအလုံးအရင်း၌ တယောက်တခြားစီနေသောသူမရှိ။

32. တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူသည်ဖြစ်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့သည် ထိုမြို့၌ ကိုးစားကြ၏။

ဟေ​ရှာ​ယ 14