ဟေ​ရှာ​ယ 14:15-19 Judson Bible (BJB)

15. သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သခင်္ျိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။

16. သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင်၊ မြေကြီးကို တုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများ ကို လှုပ်ချောက်သောသူကား ဤသူလော။

17. လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ၍၊ မြို့များကို ဖျက်ဆီးသောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မလွှတ်သောသူကား ဤသူလော။

18. အပြည်ပြည်သောရှင်ဘုရင်အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ၌ ဘုန်းအသရေနှင့် အိပ်ကြ၏။

19. သင့်ကိုမူကား၊ ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သခင်္ျိုင်းထဲကထုတ်ပစ်ရ၏။ ကွပ်မျက်သောသူ၊ ထားဖြင့်ထိုးသောသူ၊ သခင်္ျိုင်းတွင်း၌ ကျောက်စုထဲသို့ ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်းသော အသေကောင်ဖြစ်လေ၏။

ဟေ​ရှာ​ယ 14