ဟေ​ဗြဲ 7:3-7 Judson Bible (BJB)

3. အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့် တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။

4. အမျိုး၏အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဘို့တဘို့လှူ၍ အလှူခံသောထိုမင်းသည် အဘယ်မျှ လောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။

5. ယဇ်ပုရောဟိတ်အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သောသူတည်းဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဘို့တဘို့ကို ခံရသော အခွင့်ရှိကြ၏။

6. သူတို့ အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှ ဆယ်ဘို့တဘို့ကို ခံလေ၏။ ဂတိတော် တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ၏။

7. ကြီးသောသူသည် ငယ်သောသူကို ကောင်းကြီးပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။

ဟေ​ဗြဲ 7