ဟေ​ဗြဲ 6:3-8 Judson Bible (BJB)

3. ဘုရားသခင်အခွင့်ပေးတော်မူလျှင်၊ ငါတို့သည် ထိုသို့ပြုကြမည်။

4. အလင်းသို့တခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံယူခြင်း၊

5. ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊

6. ရွေ့လျော့ဖေါက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တဖန်နောင်တရအံ့သောငှါ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။

7. ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့အဖန်ဖန်ကျသော မိုဃ်းရေကိုသောက်၍၊ လုပ်သော သူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။

8. အကြင်မြေသည် ဆူးပင်အမျိုးမျိုးကိုဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကို ခံရသော အချိန်နီးသည် ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။

ဟေ​ဗြဲ 6