ဟေ​ဗြဲ 11:15-18 Judson Bible (BJB)

15. ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။

16. ထိုပြည်ကိုမအောက့်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာဘို့မြို့ကို တည်ထောင်တော်မူပြီ။

17. အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။

18. ဣဇာက်၌သာသင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသော သူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကို ပူဇော်၏။

ဟေ​ဗြဲ 11