ဟော​ရှေ 2:11-23 Judson Bible (BJB)

11. သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။

12. ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။

13. ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့၍ ဗာလဘုရား တို့ လက်ထက်၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

14. သို့ရာတွင်၊ သူ့ကို တဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။

15. တောတဘက်၌ စပျစ်ဥယျာဉ်တို့ကို၎င်း၊ အာ ခေါ်ချိုင့်၌မြော်လင့်ရာတံခါးကို၎င်း၊ အာခေါ်ချိုင့်၌ မြော်လင့်ရာတံခါးကို၎င်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။

16. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ် ရမည်။

17. အခြားတပါးသော သခင်တို့၏ ဘွဲ့နာမများကို သူ၏ နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက် တဖန် မမှတ်မိမမြွက်ဆိုရ။

18. ထိုကာလ၌ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုဃ်းကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့၍၊ လေး၊ ထား၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။

19. ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည်။

20. သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။

21. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် နားထောင်မည်။ မိုဃ်းကောင်းကင်စကားကို နားထောင်၍၊ သူသည် မြေကြီးစကားကို နားထောင်မည်။

22. မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ ၏ စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည်။

23. ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဘို့ ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။

ဟော​ရှေ 2