သူ​ကြီး 9:30-37 Judson Bible (BJB)

30. ဧဗက်၏သားဂါလစကားကို မြို့အုပ်ဇေဗုလကြားသောအခါ အမျက်ထွက်၍

31. ပရိယာယ်အားဖြင့် အဘိမလက်ထံသို့စေလွှတ်လျက်၊ ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့် အတူရှေခင်မြို့သို့ လာ၍ ကိုယ်တော်တဘက်၌ မြို့ကို ပြင်ဆင်ကြပါ၏။

32. သို့ဖြစ်၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွထ၍၊ တော၌ ချောင်းမြောင်းလျက် နေတော်မူပါ။

33. နံနက်စောစော နေထွက်စကထ၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ၍ မြို့ကို တိုက်တော်မူပါ။ ဂါလသည် သူ၌ပါသော လူတို့နှင့်တကွ ဆီး၍ကြိုသောအခါ၊ အဆင်သင့်သည်အတိုင်း ပြုတော်မူပါဟု ကြားလျှောက်လေ။

34. အဘိမလက်သည် သူ၌ ပါသမျှသော လူတို့နှင့်တကွ ညဉ့်အခါ ထ၍ တပ်လေးတပ်ခွဲပြီးလျှင်၊ ရှေခင်မြို့ကို ချောင်းမြောင်းလျက်နေကြ၏။

35. ဧဗက်၏သားဂါလသည် ထွက်၍ မြို့တံခါးဝ၌ရပ်လျှင်၊ အဘိမလက်သည် မိမိ၌ပါသော သူတို့နှင့်တကွ ချောင်းမြောင်းရာမှ ထကြ၏။

36. ဂါလသည် ထိုလူတို့ကို မြင်လျှင်၊ တောင်ပေါ်မှ လူများဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော်၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော၏။

37. တဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့်လာကြ၏ဟု ပြောဆိုလျှင်၊

သူ​ကြီး 9