သူ​ကြီး 8:32-35 Judson Bible (BJB)

32. ယောရှသားဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချၖိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။

33. ဂိဒေါင်သေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန်၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့်၊ ဗာလဗေရိတ်ကို ဘုရားအရာ၌ ချီးမြှောက်ကြ၏။

34. ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ၊

35. ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး၌ ပြုသမျှသော ကျေးဇူးနှင့်အညီ၊ သူ၏အမျိုး၌ ကျေးဇူးတို့ကို ပြန်၍မပြုဘဲ နေကြ၏။

သူ​ကြီး 8