သူ​ကြီး 8:27-34 Judson Bible (BJB)

27. ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကိုလုပ်၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက်သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုးပြစ်မှားရာအကြောင်းဖြစ်သတည်း။

28. ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာရှုံး၍၊ နောက်တဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင်လက်ထက်အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။

29. ယောရှသားယေရုဗ္ဗာလသည် မိမိအိမ်သို့ သွား၍နေသတည်း။

30. ဂိဒေါင်သည် မယားများ၍၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ၏။

31. ရှေခင်မြို့၌ နေသောမယားငယ်သည် သားယောက်ျားကို ဘွားမြင်၍၊ ထိုသားကို အဘိမလက်အမည်ဖြင့် မှည့်လေ၏။

32. ယောရှသားဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချၖိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။

33. ဂိဒေါင်သေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန်၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့်၊ ဗာလဗေရိတ်ကို ဘုရားအရာ၌ ချီးမြှောက်ကြ၏။

34. ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ၊

သူ​ကြီး 8