23. ဗင်္ယာမိန်လူတို့သည်ပြု၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဘို့ရာ ဘမ်းဆီး၍ ယူသွားကြ၏။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင်၊ မြို့တို့ကို အသစ်ပြင်ဆင်၍ နေကြ၏။
24. ထိုအခါ ဣသရေလလူအပေါင်းတို့သည်လည်း ကိုယ်အမျိုး၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေသို့ ပြန်သွားကြ၏။
25. ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။တရားသူကြီး မှတ်စာပြီး၏။