သူ​ကြီး 21:15-18 Judson Bible (BJB)

15. ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့်၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ၏။

16. စုဝေးရာ ပရိသတ် အသက်ကြီးသူတို့ကလည်း၊ ဗင်္ယာမိန်အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်းသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊

17. ဣသရေလအမျိုးတို့တွင် တမျိုးကို မပျောက်စေခြင်းငှါ သေဘေးမှ လွှတ်သော ဗင်္ယာမိန်လူတို့ အမွေခံစရာမြေရှိရမည်။

18. သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကို ပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေးစားရဟူ၍၎င်း၊

သူ​ကြီး 21