သူ​ကြီး 2:2-13 Judson Bible (BJB)

2. သင်တို့သည် ဤပြည်သားတို့နှင့် မိဿဟာယမဖွဲ့ရ။ သူတို့ယဇ်ပလ္လင်တို့ကို လှဲချရမည်ဟု ငါဆိုသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။

3. တဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့တဘက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။

4. ထာဝရဘုရား၏တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ မိန့်တော်မူသောအခါ၊ လူများတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။

5. ထိုအရပ်ကို ဗောခိမ်အမည်ဖြင့်မှည့်၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြ၏။

6. အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှါ သွားကြ၏။

7. ယောရှုလက်ထက်ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။

8. ထာဝရဘုရား၏ကျွန်၊ နုန်၏သားယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။

9. ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။

10. ယောရှုလက်ထက်ကာလ၌ ဖြစ်သောသူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ၏။ ထာဝရဘုရားကို၎င်း၊ ဣသရေလအမျိုးအဘို့ ပြုတော်မူသောအမှုတို့ကို၎င်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။

11. ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။

12. အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတပါးတို့နောက်သို့ လိုက်လျက်ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။

13. ထာဝရဘုရားကိုစွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊

သူ​ကြီး 2