သူ​ကြီး 13:9-17 Judson Bible (BJB)

9. ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန်၏။ ထိုအခါ ခင်ပွန်းမာနော်မရှိ။

10. မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တနေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင်၊

11. မာနော်သည်ထ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင်၊ သင်သည် ဤမိန်းမအားပြောသော သူမှန်သလောဟု မေးသော်၊ မှန်သည်ဟု ဆို၏။

12. မာနော်ကလည်း၊ ကိုယ်တော်၏စကားပြည့်စုံပါစေသော။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ ပြုရပါမည်နည်းဟု မေးသော်၊

13. ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါပြောသမျှကို မိန်းမရှောင်ရမည်။

14. စပျစ်ပင်မှ ဖြစ်သမျှကို မစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သောအရာကို မစားရ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို၏။

15. မာနော်ကလည်း၊ ကိုယ်တော်အဘို့ ဆိတ်သငယ်ကို မပြင်ဆင်မှီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ကောင်းကင်တမန်အား ဆိုလျှင်၊

16. ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။

17. မာနော်ကလည်း ကိုယ်တော်စကား ပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုချီးမွမ်းရမည်အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ကောင်းကင်တမန်အား မေးသော်၊

သူ​ကြီး 13