သူ​ကြီး 13:1-5 Judson Bible (BJB)

1. တဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။

2. ဒန်အမျိုး၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတယောက်ရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားမဘွား။

3. ထာဝရဘုရား၏ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဘွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။

4. သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။

5. အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဘွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟု ဆို၏။

သူ​ကြီး 13