18. ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။
19. ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကိုနှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထားရှိကြ၏။
20. မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အားပေးကြ၍၊ သူသည် အာနကသားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။
21. ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
22. ယောသပ်အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။
23. လုဇအမည်ဟောင်းရှိသော ထိုမြို့ကိုစူးစမ်းစေခြင်းငှါ စေလွှတ်သော သူလျှိုတို့သည်၊