6. ဆုံးလုသောလူအား သေရည်သေရက်ကို၎င်း၊ စိတ်ညစ်သောသူအား စပျစ်ရည်ကို၎င်း၊ ပေးလော့။
7. ထိုသူတို့သည် သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။
8. ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှါ၊ စကားအသောသူတို့ဘက်မှာ နေ၍ပြော လော့။
9. စကားပြောလျက်၊ တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏ အမှုကိုစောင့်လော့။
10. သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။