4. တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
5. အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။
6. အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။
7. ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။
8. မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ် ၏။
9. ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင်၊ စိတ်ဆိုးသည်ဖြစ်စေ၊ ပြုံးရယ်သည်ဖြစ်စေ၊ အားရစရာအကြောင်းမရှိ။
10. လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။
11. မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။
12. မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။