သုတ္တံကျမ်း။ 26:20-25 Judson Bible (BJB)

20. ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ်၏။

21. မီးခဲချင်းပြုသကဲ့သို့၎င်း၊ ထင်းသည် မီးကိုမွေး သကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။

22. ကုန်းတိုက်သော သူ၏စကားသည် မြိန်သော ခဲဘွယ် စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။

23. ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။

24. အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ်၏။

25. ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ၏။

သုတ္တံကျမ်း။ 26