12. ကြားတတ်သော နားကို၎င်း၊ မြင်တတ်သော မျက်စိကို၎င်း၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ။
13. ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။
14. ဝယ်သောသူက၊ မကောင်းဘူး၊ မကောင်းဘူးဟု ဆိုတတ်၏။ ဝယ်၍သွားပြီမှ ဝါကြွားတတ်၏။
15. ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ်၏။
16. မကျွမ်းသောသူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်းထားစေ။
17. လှည့်စား၍ ရသောအစာသည် ချိုမြိန်သော် လည်း၊ စားသော သူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။