သုတ္တံကျမ်း။ 18:19-22 Judson Bible (BJB)

19. အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။

20. လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြည့်ရ၏။ မိမိနှုတ်ခမ်းတို့၏ စီးပွါးနှင့်ဝရ၏။

21. လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။

22. မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။

သုတ္တံကျမ်း။ 18