16. လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။
17. ကိုယ်အမှုကို အဦးစောင့်၍ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း၊ အိမ်နီးချင်းလာ၍ စစ်ကြောတတ်၏။
18. စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ်၏။
19. အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။