သုတ္တံကျမ်း။ 12:26-28 Judson Bible (BJB)

26. ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။

27. ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။

28. ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။

သုတ္တံကျမ်း။ 12