1. အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့် သူ၏သားများ၊ ဣသရေလအမျိုးအသက်ကြီးသူများတို့ကိုခေါ်၍၊
2. အာရုန်အား၊ သင်သည်အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါသော နွားသငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါသောသိုးထီးတကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။
3. ဣသရေလအမျိုးသားတို့အားလည်း သင်တို့သည်အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါအခါမလည်သော နွားသငယ်တကောင်၊ သိုးသငယ်တကောင်၊
4. ထာဝရဘုရားရှေ့တော်၌ ပူဇော်သောမိဿဟာယယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ ဆီနှင့်ရောသောဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အားထင်ရှားတော်မူမည်ကိုပြောလော့ဟု ဆိုလေ၏။