ဝတ်​ပြု 8:1-6 Judson Bible (BJB)

1. တဖန်ထာဝရဘုရားက၊

2. သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာယဇ်ဘို့နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တတောင်းကိုယူ၍၊

3. ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

4. မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။

5. မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊

6. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကိုခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊

ဝတ်​ပြု 8