ဝတ်​ပြု 7:30-36 Judson Bible (BJB)

30. ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသောပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသောမီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင်ဆောင်ခဲ့ရမည်။ 

31. ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည်ယူရကြမည်။

32. မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သောပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အားပေးရမည်။

33. မိဿဟာယယဇ်အသွေးနှင့် ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ျာပခုံးကို မိမိအဘို့ယူရမည်။

34. ဣသရေလအမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သောပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားတို့အား ထာဝရပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။

35. ထိုသို့ အာရုန်နှင့် သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သောသက္ကာများထဲက၊ သူတို့ခံရသောအဘို့ ဖြစ်၏။

36. ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဘို့ကိုခံရမည်အကြောင်း၊ သူတို့ကိုဘိသိက်ပေးတော်သောမူနေ့၌၊ ထာဝရဘုရားမှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်း။

ဝတ်​ပြု 7