3. အမြီးနှင့်တကွ အအူကိုဖုံးသောဆီဥ၊
4. ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ဆက်လျှင်၊
5. ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ်ဖြစ်သတည်း။
6. အသားကို ယဇ်ပုရောဟိတ်ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။
7. အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကိုပြုသော ယဇ်ပုရောဟိတ်သည်ယူရမည်။
8. လူတစုံတယောက်ပြုသော မီးရှို့ရာယဇ်ကိုပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သောယဇ်ကောင်အရေကိုယူရမည်။
9. မီးဖို၌ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော်သောယဇ်ပုရောဟိတ်သည် ယူရမည်။
22-23. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်မစားရ၊
24. အလိုလိုသေသောတိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍သေသော တိရစ္ဆာန်ဆီဥကို အခြားဘို့သုံးရသော်လည်း၊ အလျှင်းမစားရ။
25. အကြင်သူသည် ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။