21. ထိုမုန့်ညက်ကိုဆီထည့်၍၊ သံပြားပူနှင့်မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာအကျိုးအပဲ့တို့ကို ထာဝရဘုရားအားမွှေးကြိုင်စရာဘို့ ပူဇော်ရမည်။
22. အာရုန်အရာ၌ ဘိသိက်ခံသောသားသည်လည်း၊ ထိုပူဇော်သက္ကာကိုပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော်ဖြစ်သတည်း။
23. ယဇ်ပုရောဟိတ်အတွက်ပြုသော ဘောဇဉ်ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏။
24. တဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊
25. သင်သည် အာရုန်နှင့် သူ၏သားတို့အားဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကိုသတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
26. အပြစ်ဖြေဘို့ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌စားရမည်။