ဝတ်​ပြု 5:3-6 Judson Bible (BJB)

3. လူ၌ကပ်သော မစင်ကြယ်သောအရာတစုံတခုကိုလည်း၊ မသိဘဲထိမိ၍ နောက်တဖန်သိလျှင်၊ အပြစ်ရှိရာသို့ရောက်သော်၎င်း၊

4. တစုံတယောက်သောသူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ်ကိုမသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာပြုလေရာရာ၌ အပြစ်တစုံတခုရောက်သော်၎င်း၊

5. ထိုသို့သောအပြစ်တစုံတခု ရောက်လျှင်၊ ထိုအပြစ်ကို ဘော်ပြတောင်းပန်ရမည်။

6. ပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှါ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ အမတကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုရမည်။

ဝတ်​ပြု 5