ဝတ်​ပြု 5:18-19 Judson Bible (BJB)

18. ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သောအလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကိုဆောင်ခဲ့ရမည်။ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကိုမသိသောသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏အပြစ်လွတ်လိမ့်မည်။

19. ဒုစရိုက်ဖြေသောယဇ်ဖြစ်သတည်း။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာရောက်သတည်းဟု မိန့်တော်မူ၏။

ဝတ်​ပြု 5