27. ဆင်းရဲသားတစုံတယောက်သည် တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍၊ မပြုအပ်သောအမှုကိုပြုမိသဖြင့် အပြစ်ရောက်လျှင်၊
28. မိမိပြစ်မှားမိသော အပြစ်ကိုသိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဘို့ အပြစ်မပါသော ဆိတ်သငယ်အမကိုဆောင်ခဲ့ရမည်။
29. အပြစ်ဖြေရာယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ မီးရှို့ရာယဇ်ကောင်ကိုသတ်ရာအရပ်၌ ထိုဆိတ်ကိုသတ်ရမည်။
30. ယဇ်ပုရောဟိတ်သည် အသွေးကိုလက်ညှိုးနှင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင် ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌သွန်ရမည်။
31. မိဿဟာယယဇ်ကောင်ဆီဥကိုယူသကဲ့သို့၊ ဆီဥရှိသမျှကိုယူ၍ ထာဝရဘုရားအားမွှေးကြိုင်စရာဘို့ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။