ဝတ်​ပြု 4:1-2-3 Judson Bible (BJB)

1-2. တဖန် မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသည်အရာတွင်၊

3. ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ 

ဝတ်​ပြု 4