41. ငါသည် သူတို့ကိုဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဘော်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကိုမခံသော မိမိတို့နှလုံးကိုနှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့်ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊
42. ငါသည် ယာကုပ်နှင့်ပြုသောပဋိညာဉ်၊ ဣဇာက်နှင့်ပြုသောပဋိညာဉ်၊ အာဗြဟံနှင့်ပြုသောပဋိညာဉ်ကို၎င်း၊ ထိုပြည်ကို၎င်း ငါအောက်မေ့မည်။
43. ထိုပြည်သည် သူတို့လက်မှလွတ်၍၊ သူတို့မရှိဘဲလူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကိုရွံရှာ၍ မထီမဲ့မြင်ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကိုဝန်ခံရကြလိမ့်မည်။