ဝတ်​ပြု 26:3-7 Judson Bible (BJB)

3. သင်တို့သည်၊ ငါ့ထုံးဖွဲ့ရာလိမ်းသို့လိုက်၍၊ ငါပညတ်တို့ကိုကျင့်စောင့်လျှင်၊

4. အချိန်တန်မှ ငါသည်သင်တို့အဘို့ မိုဃ်းရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင်တို့သည် အသီးသီးကြလိမ့်မည်။

5. စပါးနင်းနယ်သောအမှုသည်၊ စပျစ်သီးညှစ်ရာကာလတိုင်အောင်၎င်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာကာလတိုင်အောင်၎င်း မှီသဖြင့်၊ သင်တို့သည်ဝစွာစား၍၊ ကိုယ်ပြည်၌ဘေးလွတ်လျက် နေရကြလိမ့်မည်။

6. သင်တို့ပြည်၌ စစ်မှုကိုငါငြိမ်းစေ၍၊ ခြိမ်းချောက်သောသူမရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသောသားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တပြည်လုံးသည် ထားဘေးနှင့် ကင်းလွတ်လိမ့်မည်။

7. သင်တို့သည် ရန်သူများကိုလိုက်၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။

ဝတ်​ပြု 26