ဝတ်​ပြု 26:13-17 Judson Bible (BJB)

13. အဲဂုတ္တုပြည်၌ အစေကျွန်ခံရသော သင်တို့ကိုငါလွှတ်၍ နှုတ်ဆောင်သော သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ထမ်းဘိုးကြိုးကို ငါဖြတ်၍ သင်တို့ကိုတည့်မတ်စေပြီ။

14. သင်တို့သည် ငါ့စကားကိုနားမထောင်၊ ဤပညတ်အလုံးစုံကိုမစောင့်၊

15. ငါ့စီရင်ထုံးဖွဲ့ချက်များကိုရွံရှာ၍၊ မထီမဲ့မြင်ပြုလျက်၊ ငါ့ပညတ်တရားကိုမကျင့်၊ ငါ့ပဋိညာဉ်သစ္စာကိုဖျက်လျှင်၊

16. သင်တို့၌ငါပြုလတံ့သောအမှုဟူမူကား၊ သင်တို့၌မျက်စိပျက်လျက်၊ စိတ်ပူပန်လျက်ရှိစေခြင်းငှါ၊ ထိတ်လန့်သောသဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကိုကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကိုစားကြလိမ့်မည်။

17. သင်တို့ကို ငါမျက်နှာထား၍၊ ရန်သူရှေ့မှာဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကိုခံရ၍၊ အဘယ်သူမျှမလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။

ဝတ်​ပြု 26