ဝတ်​ပြု 25:1-4 Judson Bible (BJB)

1. တဖန်သိနာတောင်ပေါ်မှာ၊ မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

2. သင်တို့သည် ငါပေးသောပြည်သို့ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဘို့ ဥပုသ်စောင့်ရမည်။

3. ခြောက်နှစ်ပတ်လုံးလယ်လုပ်လျက် စပျစ်ဥယျာဉ်ကိုသုတ်သင်၍ အသီးကို သိမ်းလျက်နေရမည်။

4. သတ္တမနှစ်သည်၊ ထာဝရဘုရားအဘို့ဥပုသ်နှစ်၊ တပြည်လုံးငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသောနှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကိုမသုတ်သင်ရ၊

ဝတ်​ပြု 25