ဝတ်​ပြု 24:21-23 Judson Bible (BJB)

21. တိရစ္ဆာန်အသက်ကိုသတ်သောသူသည်၊ တကောင်အတွက်၊ တကောင်ကို ပြန်ပေးရမည်။ လူအသက်ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။

22. ကိုယ်အမျိုးသားဖြစ်စေ၊ သူတပါးအမျိုးသားဖြစ်စေ၊ တပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကိုခံရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအားမိန့်တော်မူ၏။

23. ဣသရေလအမျိုးသားတို့သည်၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ရမည်အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း သူတို့သည်ပြုကြ၏။

ဝတ်​ပြု 24