ဝတ်​ပြု 24:16-19 Judson Bible (BJB)

16. ထာဝရဘုရား၏နာမတော်ကိုပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် ထိုသူကို အမှန်ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ၊ နာမတော်ကိုပြစ်မှားလျှင် အသေသတ်ခြင်းကိုခံရမည်။

17. လူအသက်ကိုသတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။

18. တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တကောင်အတွက် တကောင်ကိုလျော်ရမည်။

19. လူသည် အိမ်နီးချင်းကိုနာအောင်ပြုလျှင်၊ သူ့ကိုပြုသည်အတိုင်းကိုယ်ခံရမည်။

ဝတ်​ပြု 24